MMA အကြောင်း
-
MMA ဆိုတာ ဘာလဲ။
MMA ဆိုတာ ငွေရေးကြေးရေးစနစ်တွင် ပြည်သူအားလုံးပါဝင်နိုင်ရန်နှင့် ငွေရေးကြေးရေးဆိုင်ရာ ဗဟုသုတများ လေ့လာသင်ယူနိုင်ရန် ရည်ရွယ်ထားသည့် အွန်လိုင်းသင်ကြားရေး ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။
-
MMA ဆိုတာ ဘယ်သူ့အတွက်လဲ။
MMA တွင် ဘဏ္ဍာရေးနယ်ပယ်တွင် လုပ်ကိုင်နေသော ဝန်ထမ်းများနှင့် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ နည်းပညာကို စိတ်ဝင်စားသူ မည်သူမဆို ငွေကြေးဆိုင်ရာ ပညာရပ်များ လေ့လာသင်ကြားနိုင်ပါတယ်။
-
MMA က ဘယ်လိုအလုပ်လုပ်တာလဲ။
MMA သည် ပုံမှန်အွန်လိုင်းကျောင်းများကဲ့သို့ ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ သင်ကြားရေးအတွက် ဈေးကွက်တစ်ခုအနေဖြင့် လုပ်ဆောင်ပေးပါသည်။ ကျွန်ုပ်တို့၏ပလက်ဖောင်းပေါ်တွင် သင်တန်းပေးသူများအဖြစ် ရည်ညွှန်းခေါ်ဆိုသော တစ်ဦးချင်းစီဖြစ်စေ အဖွဲ့အစည်းများမှ ပို့ချသူများဖြစ်စေ ရှိပြီး ၎င်းတို့သည် သင်တန်းများ ထုတ်ဝေသင်ကြားပေးနိုင်ပါသည်။ သင်ယူသူများအနေဖြင့် အဆိုပါသင်တန်းများတွင် စာရင်းပေးသွင်းတက်ရောက်နိုင်ပြီး အချို့သင်တန်းများမှာ အခမဲ့တက်ရောက်နိုင်ကာ သင်တန်းကြေးပေးသွင်းရန်လိုအပ်သည့် သင်တန်းများလည်းရှိပါသည်။ ဤသင်ယူမှုပုံစံသည် အသုံးပြုသူများအတွက် မတူကွဲပြားခြားနားတဲ့ သင်ယူမှုအတွေ့အကြုံကို ရရှိစေနိုင်ပါသည်။
စာရင်းသွင်းခြင်းနှင့် သင်တန်းအပ်နှံခြင်း
-
MMA မှာ ဘယ်လိုအကောင့်ဖွင့်ပြီး စာရင်းသွင်းရမလဲ။
MMA တွင် အကောင့်တစ်ခုဖွင့်ရန်အတွက် www.Moneymanagement.academy ကို web browser မှတစ်ဆင့်သွားပါ။ MMA ပေါ်ရောက်လျှင် မျက်နှာပြင်အောက်ဆုံးသို့သွားလိုက်ပါက "Create an Account" ကို မြင်ရပါမည်။ ထိုခလုတ်ကိုနှိပ်လိုက်ပြီး မျက်နှာပြင်ပေါ်မှ ညွှန်ကြားချက်များအတိုင်းလုပ်ဆောင်ရမည်ဖြစ်ပါသည်။ အကောင့်တစ်ခုရရှိပြီဆိုပါက မိမိတက်ရောက်လိုသောသင်တန်းကို ရွေးချယ်အပ်နှံနိုင်ပါသည်။ ထိုအပြင် သင့်၏ LinkedIn, Google, Facebook သို့မဟုတ် Apple အကောင့်များကို အသုံးပြုပြီးလည်း အကောင့်ဖွင့်နိုင်ပါသည်။
-
MMA တွင် သင်တန်းတက်ရောက်ရန် မည်ကဲ့သို့ စာရင်းသွင်းရမလဲ။
MMA တွင် သင်တန်းတက်ရောက်ရန် ပထမဆုံး ပလက်ဖောင်းပေါ်တွင် သင်တန်းသား အကောင့်ဖွင့်ရန် လိုအပ်ပါသည်။ ထို့နောက် မိမိ တက်လိုသောသင်တန်းကို ရှာဖွေနိုင်ပါသည်။ မိမိ တက်ရောက်လိုသော သင်တန်းကို တွေ့ရှိပါက “Enroll” ကို နှိပ်ပြီး ပြသထားသော ညွှန်းကြားချက်အတိုင်း စာရင်းပေးသွင်းနိုင်ပါသည်။
-
MMA တွင် သင်တန်းများ တက်ရောက်ရန်အတွက် ကြိုတင်လိုအပ်ချက်များ ရှိပါသလား။
MMA တွင် သင်ယူသူတို့တွင် မည်သည့်နောက်ခံအရည်အချင်းရှိသည်ဖြစ်စေ ငွေကြေးဆိုင်ရာအသိပညာသည် လူတိုင်းအတွက်ဖြစ်သည်ဟု ယုံကြည်ထားပါသည်။ သင်ဟာ အစပြုလေ့လာသူဖြစ်စေ ငွေကြေးဆိုင်ရာဗဟုသုတရှိသူဖြစ်စေ ကျွမ်းကျင်မှုအဆင့်အားလုံးနှင့်ကိုက်ညီသည့် သင်တန်းများ MMA တွင်ရှိပါသည်။ MMA ၏ သင်တန်းအများစုသည် အားလုံးအတွက် ရည်ရွယ်ထားသော်လည်း အချို့သောသင်တန်းများသည် လိုအပ်သောသတ်မှတ်ချက်များရှိနိုင်ကြောင်း သတိပြုသင့်ပါသည်။ လိုအပ်သောသတ်မှတ်ချက်များဟုဆိုရာတွင် ပညာရပ်တစ်ခုတွင် ကြိုတင်သိရှိထားသော အသိပညာ သို့မဟုတ် သတ်မှတ်ထားသော သင်တန်းကို ပြီးစီးရန်လိုအပ်မှုတို့ ပါဝင်နိုင်သည်။ ချောမွေ့စွာစာရင်းသွင်းတက်ရောက်နိုင်ရန် သင်တန်းများကို မရွေးချယ်မီ သင်ရိုးညွှန်းတမ်းနဲ့ လိုအပ်ချက်များကို သေချာစွာဖတ်ရှုရန်အကြံပြုလိုပါသည်။
သင်တန်းများအကြောင်း
-
MMA တွင် မည်ကဲ့သို့သော သင်ခန်းစာများ ရှိပါသလဲ။
MMA တွင် ပြည်တွင်းနှင့် ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေးဆွဲထားသော ငွေရေးကြေးရေးနှင့် ပတ်သက်သော သင်ခန်းစာများကို လေ့လာနိုင်ပါတယ်။ ထို့အပြင် MMA သည် အစဉ်အမြဲ ပြောင်းလဲနေသော ငွေရေးကြေးရေးကဏ္ဍတွင် သင်တန်းသားများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေသည့် သင်ခန်းစာများကို ရေးဆွဲထားပါတယ်။
-
ပုံမှန်အားဖြင့် သင်တန်းတစ်ခုရဲ့ကြာချိန်က ဘယ်လောက်ရှိပါသလဲ။
MMA အွန်လိုင်း သင်ကြားရေးပလက်ဖောင်းများရှိ သင်တန်းများ၏ ကြာချိန်သည် သင်တန်းပေါ် မူတည်၍ များစွာကွာခြားနိုင်ပါသည်။ အချို့သော သင်တန်းများကို နာရီအနည်းငယ်အတွင်း ပြီးမြောက်နိုင်သော်လည်း အချို့သော သင်တန်းများကို ပြီးဆုံးရန် ရက်သတ္တပတ်များစွာ သို့မဟုတ် လပေါင်းများစွာ ကြာနိုင်ပါသည်။ သင်တန်း၏ ကြာချိန်ကို တွက်ချက်နိုင်ရန် သင်တန်းမအပ်ခင်တွင် ကြိုတင်စစ်ဆေးဖို့ အရေးကြီးပါသည်။
-
MMA တွင် ရှိသော သင်ခန်းစာများက ဘယ်လောက်ခက်ခဲပါသလဲ။
သင်တန်းများ၏ ဘာသာရပ်ဆိုင်ရာနှင့် လိုအပ်သော ကျွမ်းကျင်မှုအဆင့်ပေါ် မူတည်၍ ခက်ခဲမှုအဆင့် ကွဲပြားနိုင်သည်။ အချို့သော သင်တန်းများသည် အတွေ့အကြုံမရှိသော သင်တန်းများအတွက် သင့်တော်ပြီး အချို့သင်တန်းများက ပညာရေးအတွေ့အကြုံ (သို့မဟုတ်) နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုအဆင့်တစ်ခု လိုအပ်ပါသည်။ သင်တန်းစာ၏ ဖော်ပြချက်တွင် သင်တန်းအခက်အခဲအဆင့်ကို ရှင်းပြထားသောကြောင့် မည်သည့်သင်တန်းများက သင်၏ လိုအပ်ချက်နှင့် ကျွမ်းကျင်မှုအဆင့်အတွက် အသင့်တော်ဆုံးဖြစ်ကြောင်း အသိပေး ဆုံးဖြတ်နိုင်ပါသည်။ သင်တန်းများကို “အခြေခံ၊ အလယ်အလတ်နှင့် အဆင့်မြင့်” ဟူ၍ အဆင့်သုံးဆင့် ခွဲခြားထားပါတယ်။
-
စာရင်းသွင်းပြီးသားသင်တန်းတွေကို ဘယ်မှာရှာရမလဲ။
MMA ဝက်ဘ်ဆိုက်ကို ကိုယ်ပိုင်အကောင့်ဖြင့် ဝင်ရောက်လိုက်သည်နှင့် Dashboard ကို တွေ့ရှိနိုင်ပါသည်။ ထိုနေရာတွင် သင်စာရင်းသွင်းအပ်နှံထားသောသင်တန်းများကို အလွယ်တကူတွေ့နိုင်ပြီး ဆက်လက်တက်ရောက်နိုင်ပါတယ်။
-
သင်တန်းပြီးဆုံးကြောင်း သင်တန်းအောင်လက်မှတ်ရရှိနိုင်ပါသလား။
သင်တန်းတက်ရောက်ပြီးဆုံးသွားပါက ဒစ်ဂျစ်တယ် သင်တန်းအောင်လက်မှတ်ကို ရရှိမှာ ဖြစ်ပါတယ်။ ဤလက်မှတ်ကို လုပ်ငန်းခွင်အတွင်း (သို့မဟုတ်) ပညာ ဆက်လက် သင်ကြားနိုင်ရန်အတွက် သင်၏ အရည်အချင်းနှင့် အသိပညာကို ပြသရန် အထောက်အထားအဖြစ် အသုံးပြုနိုင်ပါတယ်။ သင်တန်းတစ်ခုပြီးမြောက်ရန် ဗီဒီယိုပို့ချချက်များကို ကြည့်ရှုခြင်း၊ assignments များနှင့် ဉာဏ်စမ်းများကို ဖြေဆိုခြင်း၊ ဆွေးနွေးမှု (discussions) ရှိပါက ပါဝင်ရန် လိုအပ်ပါတယ်။ အချို့သော သင်တန်းများအတွက် သတ်မှတ်ထားသော သင်တန်းကာလအတွင်း ပြီးဆုံးမှသာ သင်တန်းအောင်လက်မှတ် ရရှိမည် ဖြစ်ပါတယ်။
-
သင်တန်းအောင်လက်မှတ်တွေကို ဘယ်နေရာမှာကြည့်ပြီး ဘယ်လိုရယူနိုင်ပါသလဲ။
သင်တန်းအောင်လက်မှတ်ကို ရယူနိုင်ရန် ညာဘက်ထောင့်အပေါ်ရှိ "My Account" ကို နှိပ်ပါ။ ထို့နောက် "Certificates" ကို နှိပ်လိုက်လျှင် သင်ရရှိထားပြီးသော သင်တန်းအောင်လက်မှတ်များကို ကြည့်ရှုကာ ဒေါင်းလုတ်ဆွဲသိမ်းဆည်းနိုင်ပါသည်။
သင်တန်းကြေးပေးသွင်းရန်
-
MMA တွင် မည်သည့်ငွေပေးချေမှုမျိုးကို လက်ခံပါသလဲ။
MMA မှ နိုင်ငံတကာ အသုံးပြုသူများအတွက် Credit ကတ်နှင့် Debitကတ် နှစ်မျိုးလုံးကိုလက်ခံပါသည်။ ပြည်တွင်းအပ်နှံသူများအနေဖြင့် သင်တန်းအပ်နှံချိန်တွင် ငွေပေးသွင်းရန် Google Form ကိုဖြည့်နိုင်ပါသည်။ သင်တို့၏ သင်ယူမှုခရီးစဉ်တွင် ချောမွေ့သည်ထက် ချောမွေ့စေရန် ရည်ရွယ်ထားပါသည်။
-
MMA တွင် သင်တန်းများ တက်ရောက်ရန် မည်မျှ ကုန်ကျပါသလဲ။
MMA ရှိ သင်တန်းများ၏ ကုန်ကျစရိတ်များမှာ မတူညီပါ။ အချို့သင်တန်းများသည် အခမဲ့ဖြစ်ပြီး အချို့သင်တန်းများအတွက် စာရင်းသွင်းရန် အခကြေးငွေ လိုအပ်ပါသည်။
-
သင်တန်းများအတွက် လျှော့ဈေးနဲ့ပရိုမိုးရှင်းများ ရှိပါသလား။
MMA တွင် အထူးနေ့များ ပွဲတော်များနှင့်ဆက်စပ်သော လျှော့ဈေးနှင့် ပရိုမိုးရှင်းများကို မကြာခဏပေးလေ့ရှိပါသည်။ MMA ၏ မယုံနိုင်လောက်စရာ ပရိုမိုးရှင်းနှင့်လျှော့ဈေးများအကြောင်း အချိန်နှင့်တပြေးညီသိရှိနိုင်ရန် MMA facebook page ကို Like လုပ်ထားပြီး ဝက်ဘ်ဆိုက်ကို မကြာခဏဝင်ကြည့်ဖို့ မမေ့ပါနဲ့။
ပိုမိုသိရှိနိုင်ရန်
-
MMA ရဲ့မိတ်ဖက်အဖွဲ့အစည်းနဲ့ပတ်သက်ပြီး ပိုမိုပြောပြနိုင်မလား။
MMA သည် စင်ကာပူအခြေစိုက် FinTech ကုမ္ပဏီတစ်ခုဖြစ်သည့် ThitsaWorks နှင့် the German Sparkassenstiftung for International Cooperation (DSIK) တို့ကြားမှ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးတစ်ခုဖြစ်ပါသည်။ DSIK သည် the Sparkassen-Finanzgruppe လက်အောက်မှဖြစ်ပြီး လိုအပ်ချက်ဗဟိုပြုဘဏ်စနစ်ဖြင့် စီးပွားရေးနှင့်လူမှုရေးတိုးတက်စေရန် ဆောင်ရွက်နေသော ငွေကြေးအဖွဲ့အစည်းများကို အထောက်အပံ့ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှလူများ ငွေကြေးဝန်ဆောင်မှုများကို အသုံးပြုနိုင်ပြီး ဆင်းရဲမွဲတေမှုမှ လွတ်မြောက်နိုင်ရန်ဖြစ်သည်။
-
MMA မှသင်တန်းများအတွက် မိုဘိုင်းအက်ပလီကေးရှင်းရှိပြီလား။
စိတ်လှုပ်ရှားစရာ သတင်းကောင်းပါပဲ။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းတွင် MMA မှ မိုဘိုင်းအက်ပလီကေးရှင်းထုတ်လုပ်သွားဖို့ရှိပါသည်။ မိုဘိုင်းအက်ပလီကေးရှင်းသည် လွယ်ကူချောမွေ့သောပညာသင်ယူမှုအတွေ့အကြုံကို သင့်လက်ညှိုးထိပ်အရောက် သယ်ဆောင်လာပေးမှာဖြစ်ပြီး MMA ရဲ့ ငွေကြေးအသိပညာများကို ရယူရာတွင် ပိုမိုလွယ်ကူလာမည်ဖြစ်ပါသည်။ မျှော်လင့်စရာများဖြင့်ပြည့်နှက်နေမည့်မိုဘိုင်းအက်ပ်ထုတ်လုပ်မှုကိုစောင့်ပေးကြပါရန်နှင့် အောင်မြင်မှုမှတ်တိုင်တစ်ခုအနေနှင့် အံ့ဩလောက်စရာဆုလက်ဆောင်များပေးသွားမည်ဖြစ်ပါသည်။
-
သင်တန်းပြီးဆုံးပါက သင်ရိုးညွှန်းတမ်းများကို သုံးစွဲလို့ရနိုင်ပါသလား။
သင်တန်းပေါ် မူတည်ပြီး ကွဲပြားနိုင်ပါသည်။ အချို့သော သင်တန်းများသည် သင်တန်းပြီးဆုံးပြီးနောက် သင်ရိုးညွှန်းတမ်းပစ္စည်းများကို တစ်သက်တာအသုံးပြုခွင့်ကို ပေးထားနိုင်ပြီး အချို့သော သင်တန်းများသည် အချိန်အတိုင်းအတာတစ်ခုအထိသာ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် သင်တန်းမတက်ရောက်မီ သင်တန်းအသေးစိတ်နှင့် မူဝါဒများကို စစ်ဆေးရန် တိုက်တွန်းလိုပါသည်။
-
MMA ရဲ့ အထောက်အပံ့အဖွဲ့ကို ဘယ်လိုဆက်သွယ်ရမလဲ။
သင့်အနေဖြင့် မေးခွန်းများရှိသည်ဖြစ်စေ အကူအညီလိုအပ်သည်ဖြစ်စေ MMA ၏ အထောက်အပံ့အဖွဲ့ကို ဆက်သွယ်နိုင်ပါသည်။ [email protected] သို့ အီးမေးလ်ပေးပို့၍ ဆက်သွယ်ပြောဆိုနိုင်ပါသည်။ အဖွဲ့သားများက သင့်၏သင်ယူမှုခရီးစဉ်ချောမွေ့စေရန် ကူညီပေးဖို့အသင့်စောင့်နေပါသည်။