Money Management 101 (Burmese)
ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ ဝမ်းန်အိုဝမ်းန်
Money Management 101 (ငွေကြေးစီမံခန့်ခွဲမှု) သင်တန်းကို ThitsaWorks ၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သော German Sparkassenstiftung for International Cooperation (DSIK) မှ ရေးဆွဲထားပါတယ်။ ဤသင်တန်းက သင့်ကို ငွေကြေးဆိုင်ရာ ဗဟုသုတများ မြှင့်တင်နိုင်ရန်နှင့် မိမိရဲ့ ဝင်ငွေကို စီမံခန့်ခွဲတဲ့နေရာမှာ ပိုမိုကောင်းမွန်တဲ့ အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ကူညီပေးမှာ ဖြစ်ပါတယ်။ သင်တန်းသားများ၏ ငွေကြေးဆိုင်ရာပန်းတိုင်ကို ရောက်ရှိ အကောင်အထည်ဖော်နိုင်စေရန်နှင့် ငွေကြေးဖိအားကို ဖြေရှင်းနိုင်ရန် အကူအညီပေးနိုင်သည့် ကောင်းမွန်သော နည်းပညာနှင့် အထောက်အကူများစွာကိုလဲ မိတ်ဆက်ပေးသွားမှာဖြစ်ပါသည်။
မှတ်ချက်။ ဤသင်ရိုးညွှန်းတမ်းကို DSIK မှ ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် ငွေရေးကြေးရေးဆိုင်ရာ ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရေး ပရောဂျက်အတွက် ရည်ရွယ်ပြီး ရေးဆွဲထားပါတယ်။
အခန်း(၁)။ ဝင်ငွေနှင့် ကုန်ကျစရိတ်များ
ဤသင်ခန်းစာတွင် သုံးစွဲရန် လိုအပ်သည့် အသုံးစရိတ်နှင့် မလိုအပ်သည့်အသုံးစရိတ်များအပြင် ပုံမှန်နှင့် ပုံမှန်မဟုတ်သော အသုံးစရိတ်များအား ခွဲခြားပြသသွားမှာဖြစ်ပြီး ပုံမှန်မဟုတ်သော အသုံးစရိတ်များအတွက် မည်သို့ ပြင်ဆင်ရမည်ဆိုသည်ကိုလည်း ဆွေးနွေးသွားမှာဖြစ်ပါသည်။
အခန်း(၂)။ ငွေကြေးဖိအား
ဤသင်ခန်းစာတွင် မည်သူမဆို ငွေကြေးဖိအားနှင့် ကြုံတွေ့ရနိုင်ကြောင်းနှင့် ငွေကြေးဖိအားကို မည်သို့ ဖြေရှင်း၍ ပြင်ဆင်မှုများ ပြုလုပ်ရမည်ဆိုသည်ကို ဆွေးနွေးသွားမှာဖြစ်ပါသည်။
အခန်း(၃)။ ဝင်ငွေနှင့် ကုန်ကျစရိတ်များကို နောက်ကြောင်းလိုက်ခြေရာခံ၍ စစ်ဆေးခြင်း
ဝင်ငွေနှင့် ကုန်ကျစရိတ်များကို နောက်ကြောင်းလိုက်ခြေရာခံ၍ စစ်ဆေးခြင်းက သင်တို့အား ငွေကြေးကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန် ကူညီပေးနိုင်ပြီး ငွေကြေးဖိအားများကိုလည်း ရှောင်ရှားနိုင်မည် ဖြစ်သည်။ ဤသင်ခန်းစာတွင် ဝင်ငွေနှင့် ကုန်ကျစရိတ်များကို နောက်ကြောင်းလိုက်ခြေရာခံ၍ စစ်ဆေးခြင်းနှင့်ပတ်သက် ၍ ဥပမာအချို့ပေးသွားမည်ဖြစ်သည်။
အခန်း(၄)။ လစဉ်ဝင်ငွေထွက်ငွေကို လေ့လာသုံးသပ်ခြင်း
လစဉ်ဝင်ငွေထွက်ငွေကို လေ့လာသုံးသပ်ခြင်းက သင်တို့ကို ငွေကြေးအစီအစဉ်ရေးဆွဲနိုင်ရန် ပိုမိုကောင်းမွန်စွာ ကူညီပေးမှာ ဖြစ်ပါသည်။ သင်တန်းသားများ၏ ဝင်ငွေထွက်ငွေအား အကဲဖြတ်နိုင်ရန် နည်းလမ်းဖြစ်သည့် အောက်ပါအချိုးများကို ပြောပြသွားမှာဖြစ်ပါသည်။
အခန်း(၅)။ ငွေကြေးပန်းတိုင်များသတ်မှတ်ခြင်း
ကာလတို၊ အလယ်အလတ်ကာလနှင့် ကာလရှည်ပန်းတိုင်များကို ခွဲခြားပြသသွားမှာဖြစ်ပြီး ငွေကြေးပန်းတိုင်ချမှတ်ခြင်းအတွက် အရေးကြီးသည့် “SMART” စည်းမျဉ်းအား မိတ်ဆက်ပေးသွားမှာဖြစ်ပါသည်။ ငွေကြေးဆိုင်ရာပန်းတိုင်များအား သတ်မှတ်ပြီးပါက ၎င်းတို့အား ဦးစားပေး သတ်မှတ်ပေးခြင်းအကြောင်း ကို ဆွေးနွေးသွားမှာဖြစ်ပါသည်။
အခန်း(၆)။ ဘတ်ဂျက်ရေးဆွဲခြင်း
ငွေကြေးဆိုင်ရာပန်းတိုင်များအား အကောင်အထည်ဖော် ရောက်ရှိနိုင်ရန် ဘတ်ဂျက်စာရင်း ရေးဆွဲရမည် ဖြစ်သည်။ ဤသင်ခန်းစာတွင် အောက်ပါမေးခွန်းများကို ဆွေးနွေးသွားမှာ ဖြစ်ပါသည်။
အခန်း(၇)။ ဘတ်ဂျက်အား အကောင်အထည်ဖော်ခြင်း
သင်တန်းသားများ၏ ဘတ်ဂျက်အစီအစဉ်အတိုင်း လိုက်နာဆောင်ရွက်ရန်အတွက် အခက်အခဲများရှိနိုင် သည်။ ဖြစ်ပေါ်လာနိုင်သည့် အတားအဆီးအဟန့်အတားများနှင့် ဘတ်ဂျက်အစီအစဉ်အတိုင်း လွယ်ကူစွာ ဆောင်ရွက်သွားနိုင်ရန် ကျင့်သုံးနိုင်မည့် အလေ့အကျင့်ကောင်းများ အကြောင်းကို ဆွေးနွေး သွားမည်ဖြစ်ပါသည်။
သင်တန်းတက်ရောက်ရန် လိုအပ်ချက်
မည်သည့်လိုအပ်ချက်မှ မရှိပါ။ ငွေကြေးစီမံခန့်ခွဲမှုအား တိုးတက်ရန် စိတ်ပါဝင်စားသည့် မည်သူမဆို တက်ရောက်နိုင်သည်။
သင်တန်းအောင်လက်မှတ်
သင်ခန်းစာများပြီးဆုံးရင် မေးခွန်း (၁၀) ခုပါတဲ့ နောက်ဆုံးစာမေးပွဲရှိမှာ ဖြစ်ပါတယ်။ သင်တန်းသားအနေနဲ့ သင်တန်းအောင်လက်မှတ်ရရှိနိုင်ရန် ၈၀% (သို့) ၈၀% နှင့်အထက် (အဖြေမှန် ၈ ခု သို့ ၈ ခုထက်ပို၍) မှန်ကန်စွာဖြေနိုင်ရမှာဖြစ်တယ်။
သင်ခန်းစာ အကြောင်းအရာ
သုံးစွဲရန် လိုအပ်တဲ့ အသုံးစရိတ်နဲ့ မလိုအပ်တဲ့ အသုံးစရိတ်
ဉာဏ်စမ်း ၁.၁
ပုံမှန်နဲ့ ပုံမှန်မဟုတ်တဲ့ အသုံးစရိတ်များ
ဉာဏ်စမ်း ၁.၂
ပုံမှန်နဲ့ ပုံမှန်မဟုတ်တဲ့ အသုံးစရိတ်များအတွက် ဘယ်လို ကြိုတင်ပြင်ဆင်ထားရမလဲ?
ဉာဏ်စမ်း ၁.၃
ပုံမှန်မဟုတ်တဲ့ အသုံးစရိတ်များအတွက် ဘယ်လို ကြိုတင် ပြင်ဆင်ထားရမလဲ?
သင်ခန်းစာ (၁) အကျဉ်းချုပ်
အနှစ်ချုပ် ဉာဏ်စမ်း
ငွေကြေးဖိအားဆိုတာ ဘာလဲ?
စမစ်တို့ မိသားစုရဲ့ ငွေကြေးဖိအား
ဉာဏ်စမ်း ၂.၁
ငွေကြေးဖိအားအတွက် ဘယ်လို ကြိုတင် ပြင်ဆင်ရမလဲ?
ဉာဏ်စမ်း ၂.၂
ငွေကြေးဖိအားကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ?
အနှစ်ချုပ် ဉာဏ်စမ်း
သင်ခန်းစာ (၂) အကျဉ်းချုပ်
သင့်ရဲ့ ဝင်ငွေနဲ့ အသုံးစရိတ်တွေကို ဘယ်လို ခြေရာခံစစ်ဆေးမလဲ?
ဉာဏ်စမ်း ၃.၁
ဘာကြောင့် သင့်ရဲ့ ဝင်ငွေနဲ့ အသုံးစရိတ်များကို ခြေရာခံစစ်ဆေးသင့်လဲ?
အနှစ်ချုပ် ဉာဏ်စမ်း
သင်ခန်းစာ(၃) အကျဉ်းချုပ်
လစဉ် ဝင်ငွေထွက်ငွေစာရင်း
ဉာဏ်စမ်း ၄.၁
သုံးစွဲရန် လိုအပ်တဲ့အသုံးစရိတ်များနဲ့ ဝင်ငွေအချိုးကို တွက်ချက်ခြင်း
ဉာဏ်စမ်း ၄.၂
မိသားစုတစ်စုရဲ့ ငွေကြေးဆိုင်ရာ အခြေအနေများကို တိုးတက်ကောင်းမွန်စေရန် အကြံပြုခြင်း
ဉာဏ်စမ်း ၄.၃
လစဉ်ဝင်ငွေထွက်ငွေကို ဘာကြောင့် ပြန်လည်စစ်ဆေးဖို့ လိုအပ်သလဲ?
အနှစ်ချုပ် ဉာဏ်စမ်း
သင်ခန်းစာ(၄) အကျဉ်းချုပ်
ငွေကြေးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်ဆိုတာ ဘာလဲ?
သေသပ်တိကျတဲ့ ငွေကြေးဆိုင်ရာ ပန်းတိုင်များ (SMART Financial Goals)
ဉာဏ်စမ်း ၅.၁
ငွေကြေးဆိုင်ရာပန်းတိုင်များကို ဦးစားပေးသတ်မှတ်ခြင်း
ဉာဏ်စမ်း ၅.၂
လော်ရာရဲ့ ငွေကြေးဆိုင်ရာပန်းတိုင်များ
အနှစ်ချုပ် ဉာဏ်စမ်း
သင်ခန်းစာ(၅) အကျဉ်းချုပ်