သင်တန်းအကြောင်းအရာ

MCIX demonstration course တွင် MCIX platform ၏ စည်းမျဉ်းများနှင့် search feature နှင့် upload feature ကဲ့သို့သော MCIX ၏ အသုံးပြုပုံနည်းလမ်းများ ပါဝင်ပါသည်။ MCIX ၏ အသုံးပြုပုံများအနက်မှ search feature အသုံးပြုပုံ နှင့် upload feature အတွက် template ဖိုင်များ အသုံးပြုပုံကို နားလည်ရန်မှာ လွန်စွာ အရေးကြီးပါသည်။ Myanmar Microfinance Association (MMFA) နှင့် ThitsaWorks Solution Myanmar Co.,Ltd မှ developed လုပ်ထားသော MCIX platform သည် MFI industry အတွက် credit risk ကို manage လုပ်နိုင်ရန်နှင့် ချေးငွေချေးယူသူများကို အကြွေးနွံနစ်ခြင်းမှ ကာကွယ်ရန် ရည်ရွယ်ပါသည်။ MCIX သည် data sharing platform ဖြစ်သည့်အတွက် ချေးငွေချေးယူသူများ၏ data privacy ကို တင်းတင်းကျပ်ကျပ် ကန့်သတ်ပြီး အပြည့်အဝ အကာအကွယ်ပေးထားပါသည်။


သင်တန်း၏ရည်ရွယ်ချက်များ

  1. MCIX platform ကို နားလည်စေခြင်း - MFI industry အတွင်း credit risk ကို ထိန်းချုပ်နိုင်ရန်အတွက် MCIX platform ၏ feature များ နှင့် user role များကို ပိုမိုနားလည်စေပါသည်။
  2. MCIX search function ကို နားလည်စေခြင်း - MCIX ၏ search function ကို ပိုမိုနားလည်စေခြင်းအားဖြင့် ချေးငွေချေးယူသူများ၏ ချေးငွေအသေးစိတ်အချက်အလက်များကို လေ့လာပြီး ချေးငွေအသစ်ချပေးရန် ဆုံးဖြတ်ချက်များကို မှန်မှန်လုပ်ဆောင်နိုင်ပါမည်။
  3. MCIX ၏ upload feature နှင့် template များကို ကျွမ်းကျင်စေခြင်း - MCIX ၏ upload feature ကို လေ့လာမှတ်သားခြင်းအားဖြင့် ပိုမိုကျွမ်းကျင်လာပြီး MCIX တွင် မျှဝေရမည့် data များကို မှန်မှန်ကန်ကန် ဖြည့်သွင်းနိုင်သဖြင့် MCIX ၏ data အရည်အသွေးကို ပိုမိုကောင်းမွန်စေပါသည်။
  4. Data ထိန်းသိမ်းစောင့်ရှောက်နိုင်မှု နှင့် အချက်အလက်လုံခြုံရေးကို သိရှိနားလည်စေခြင်း - MCIX သည် ချေးငွေချေးယူသူများ၏ အရေးပါသော အချက်အလက်များကို တင်းတင်းကျပ်ကျပ် ကန့်သတ်ပြီး အပြည့်အဝ အကာအကွယ်ပေးထားသော ယုံကြည့်စိတ်ချရသော platform တခုဖြစ်ပါသည်။
  5. Data များကို အသုံးဝင်သော အချက်အလက်အဖြစ် ပြောင်းလဲပေးခြင်း - MCIX platform မှ ရရှိလာသော data များကို ဆန်းစစ်လေ့လာပြီး အသေးစားချေးငွေလုပ်ငန်းများအတွက် အသုံးဝင်သော အချက်အလက်များအဖြစ် ပြောင်းလဲပေးပါသည်။
  6. အသေးစားချေးငွေလုပ်ငန်းများကြားတွင် အချက်အလက်များ မျှဝေခြင်းအားဖြင့် ကောင်းမွန်သော စည်းလုံးမှုဖန်တီးပေးခြင်း - MCIX platform တွင် အချက်အလက်များ မျှဝေခြင်း၊ MCIX ၏ ဗဟုသုတမျှဝေမှု အစီအစဉ်များတွင် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် အသေးစားချေးငွေလုပ်ငန်းများအကြားတွင် ပိုမိုကောင်းမွန်သော စည်းလုံးမှုကို ရရှိစေပါသည်။
  7. MCIX platform မှ ဖန်တီးမည့် အကြောင်းအရာ၊ အစီအစဉ်အသစ်များကို သိရှိစေခြင်း - Credit risk management အတွက် အထောက်အကူဖြစ်စေမည့် အချက်အလက်အသစ်များ၊ တီထွင်မှုအသစ်များ၊ feature အသစ်များကို MCIX platform မှ တဆင့် သိရှိစေပါမည်။
  8. MCIX ၏ အသင့်အသုံးပြုနိုင်ပြီဖြစ်သော application များအကြောင်း - MCIX platform အတွက် အထောက်အကူဖြစ်စေမည့် data များကို မှန်မှန်ကန်ကန် upload တင်နိုင်ရန်အတွက် application နှင့် MCIX ကို Mobile ဖုန်းတွင် အလွယ်တကူအသုံးပြုနိုင်ရန် Mobile application များကို တီထွင်ပေးထားပြီး ဖြစ်ပါသည်။


သင်တန်းစာ ခေါင်းစဥ်

  • Search Feature 
  • Notification Feature
  • Dashboard Feature
  • Report, User, Company Profile, and Account Features
  • Upload Feature, Data Validator App, and Mobile App


Course curriculum

    1. Introduction

    2. Learner's Introduction

    3. Welcome to MCIX

    4. Intro quiz

    1. Search Feature

    2. Search Feature quiz

    3. Notification Feature

    4. Notification Feature quiz

    5. Dashboard Feature

    6. Dashboard Feature quiz

    7. Report, User, Company Profile, and Account Features

    8. Report, User, Company Profile, and Account Features quiz

    9. Upload Feature, Data Validator App, and Mobile App

    10. Upload Feature, Data Validator App, and Mobile App quiz

    1. The end of the course

    2. Survey questions

About this course

  • Free
  • 16 lessons